Friday, October 17, 2008

Once upon a time at Nguwar hostel

ကျွန်တော်တို့ ရန်ကုန်မှာ ကွန်ပြူတာတက္ကသိုလ်တက်တုန်းက နယ်ကလာတဲ့ ကျောင်းသူတွေက ငုဝါဆောင်မှာ နေရတယ်... ရန်ကုန်တက္ကသိုလ် RC2 ရဲ့ နောက်ဘက်မှာ အစိုးရဆောင်ပေါ့ ... နှင်းဆီဆောင်တို့ ရတနာဆောင်တို့နားမှာ ...အဆောင်က သေးသေးလေး..ကျွန်တော်တို့အဆောင်နဲ့ သိပ်မနီးမဝေး မှာက စက်မှုတက္ကသိုလ် ယောက်ကျားလေးဆောင်...
ညညဆို ကျွန်တော်တို့အဆောင်တွေနားမှာ သီချင်းလာလာဆိုကြတယ် ... အဲဒိမှာ ကျွန်တော်တို့ အဆောင်ကိုလာရင်ဆိုလေ့ ရှိတဲ့သီချင်းတပုဒ် ရှိတယ် ... တော်တော်လေး ရယ်ဖို့ကောင်းတယ် ....
သူတို့ဆိုကြတဲ့သီချင်းက…..

"ငုဝါသူတွေဗိုက်ခေါက်ထူ
ဘာဘူကြီး နဲ့ယူ
၆လကြာတော့ဆေးရုံတက်
ကလေး ၁၀ ယောက်ထွတ်
ထွတ်လာလိုက်တဲ့ ကလေးဟာ
ကုလားဆင်လေးပါ
သေချာကြည့်တော့ အောင်မလေး
ငါနဲ့တူသလေး " တဲ့
တော်တော်ဆိုးတဲ့ ကျောင်းသားတွေ
ပါဆို..

အဆောင်မှာ အားလုံးက ညီအမ တွေလိုပါပဲ ... သူ့ရှိတာကိုယ်စား ကိုယ့် ရှိတာသူစားပေါ့.. ကျွန်တော်တို့စားလေ့စားထရှိတာက အလွယ်ကူဆုံးနဲ့အမြန်ဆုံးစားလို့ရတဲ့ ခေါက်ဆွဲခြောက်ပေါ့.... အဆောင်မှာက ချက်ပြုတ်စားလို့လဲမရဘူးလေ…ခေါက်ဆွဲခြောက် လောက်တော့ပြုတ်စားလို့အဆင်ပြေတယ် ....အဆောင်မှာ တနေဘယ်သူမှ ထီးကိုးလက်ကို ဈေးသွားမဝယ်ဖြစ်ကျဘူး ...(ထီးကိုးလက် ဆိုတာက အခု MICT နေရာပေါ့ အရင်က တက္ကသိုလ် ကျောင်းသူကျောင်းသားတွေအတွက် ရင်ခုန် ကြည်နူးစရာ canteen လေးပေါ့....လူသုံးကုန် ပစ္စည်း လဲဝယ်လို့ရတယ်..) ပြောပြချင်တာက ကျွန်တော့ သူငယ်ချင်းတွေဘယ်လောက် naughty ဖြစ်လဲ ဆိုတာကိုပါ…အဲဒိနေ့က ကျွန်တော်တို့ အဆောင်နေသူငယ်ချင်း စုစုပေါင်း(၈) ယောက်မှာမှ ခေါက်ဆွဲခြောက် (2) ထုပ်ပဲရှိတယ် ...အဲဒိတော့ ဒီ၂ ထုတ်ကို အတူတူဝိုင်းစားကြမယ်ဆိုပြီး ပန်:ကန်ထဲထည့် ...ဇွန်း ၂ချောင်း ၃ချောင်းတပ် ...ဇွန်းအရေအတွက်နဲ့လူနဲ့မမျှတော့ ...ဇွန်းကိုလုနေရတယ် ... အဲဒိအချိန်မှာသူငယ်ချင်းတယောက် (ဘားအံက ကရင်မပေါ့ ) ဇွန်းက သူ့စီမရောက်စောင့်ရတာ စိတ်မရှည်တော့ ဘာလုပ်လိုက်တယ်မှတ်လဲ…ဘယ်သူမှထင်မထားဘူး..သူမစားရကောင်းလားဆိုပြီး..ဖျတ်ကနဲ ခေါက်ဆွဲပန်းကန်ထဲ တံတွေးထွေး ထည့်လိုက်တာ ...ဘယ်သူမှစားလို့ မရတော့ဘူး...အဲဒီလောက်ထိအောင်ဆိုးတာ...
အားလုံးကသူ့ကို ဝိုင်းဆဲကြတာပေါ့ ....

ပြောမဲ့သာပြောရတာ အဲဒိကရင်မ က သီချင်းဆို အရမ်းကောင်းတာ ....ကျွန်တော်တို့ ပထမနှစ်က ကွန်ပြူတာ နှစ်ပတ်လည် dinner ကျင်းပတာနဲ့ ကြုံတော့ သူက dinner မှာသီချင်းတက်ဆိုမယ် လုပ်ရော..ဒါနဲ့ သီချင်း သွားသွားတိုက်တယ် ...
dinner မတိုင်ခင်နေ့က ကျွန်တော်တို့ကိုပြောလာတယ် ... သူသီချင်းဆိုနေတုန်း နှင်းဆီပန်းတက်ပေးဖို့ ... ကျွန်တော်တို့ကလဲ သက်သက်ညစ်ပြီး နှင်းဆီပန်းကဈေးကြီးတယ်..တက်မပေးနိုင်ဘူးပေါ့...
ဒါနဲ့ သူကနှင်းဆီပန်းဖိုး သူပေးပါ့မယ်တဲ့...ဒီလိုနဲ့ နှင်းဆီပန်းတက်ပေးမဲ့ ကိတ်စညှိလို့ အဆင်ပြေသွားကြတယ်..ကျွန်တော်တို့တွေကအဲဒီလိုမျိုး ...

No comments: