Wednesday, October 8, 2008

NUS Student Life Part II

First semester တုန်းက ရယ်စရာလဲကောင်း အူကြောင်ကြောင် လဲနိုင်တဲ့ ကျွန်တော့ အဖြစ်အပြက်ကို ပြောပြရဦးမယ် ... (နဲနဲတော့ ရှက်သလိုပဲ အဟိ...)

တနေ NUS ရဲ့ Business canteen မှာ lunch သွားစားကြတော့ Queue ထဲ မှာ wait နေတုန်း ကျွန်တော်က White Board မှာရေးထားတဲ့ ဟင်းတွေ ပုံနဲ့တကွ ကြော်ငြာထားတာကို သေသေချာချာကြည့်နေမိတယ် ..

အဲဒိနေ့က လူက စာတွေ ကြည့်ရတာများလို့ ခေါင်းကလဲသိပ်မကြည်ဘူးဖြစ်နေတယ်..

အဲဒိမှာဆန်ပြုပ်ကိုကြည့်ပြီး ဘာကိုစဉ်းစားနေလဲဆိုတော့ အော်.. အဲဒိအစားအစာက ဘာလဲသိဘူး ..ထမင်းကိုရေတွေနဲ့ ဖျော်ထားတာပါ့လား .. ဆိုပြီး တွေးနေမိတယ် ... ပြီးတော့ ဘေးနားက သူငယ်ချင်းကို ပြောလိုက်သေးတယ်.. အဲဒိမှာ friend က ဘာပြန်ပြောလဲဆိုတော့ အမကအရမ်း တိုးတက်လာပြီ ...ဆန်ပြုတ်ကို အများသူငါမြင်သလို မမြင်ပဲ သီးခြားကြည့်တတ်လာတယ်တဲ့ ..

အဲဒိလိုပြောလိုက်မှ အော်..ဆန်ပြုတ် ပဲလို့သတိရသွားတာ... ဘယ်လောက်အူကြောင်ကြောင် နိုင်လဲဆိုတာ ... အဲဒါ ခုထိ ကျွန်တော့ကို friends တွေက သတိရရင် ဆန်ပြုတ်လို့ အနောက်ခံရတုန်း ....

No comments: