စင်ကာပူကိုလာတုံးကသူများတွေလို admission offer ရပီးမှလာရတာမဟုတ်ပဲ entrance test အရင်လာဖြေ ရတာဆိုတော့ risk ယူပီးလာရပါတယ် .. entrance test ကျရင်(confident အပြည့် နဲ့ .. :-p) အလုပ်လေးရှာကြည့်မယ်ဆိုတဲ့ စိတ်ကူးနဲ့စွန်စားပြီးလာခဲ့တာပါ။ ISS ကလဲ သူ့ကျောင်းရဲ့ role ကို မြှင့်သလားမမေးနဲ့ entrance test pass ဖြစ်တာတောင်မှ personal interview ဝင်ပြီး pass ဖြစ်မှ admission offer ပေးပါတယ်။ ကံလေးက ကောင်းတော့ အောင်သွားတယ်။
ဒီလိုနဲ့ပဲ Knowledge Engineering လို့ခေါ်တဲ့ အူကြောင်ကြောင် ဘာသာရပ်တွေကို လေ့လာခဲ့ရတယ် ( ဆရာတွေကြားရင် ရင်ကျိုးမယ်) ... တခြားကျောင်းတွေ postgraduate coursework ကို (11)ဘာသာယူရတဲ့ အချိန်မှာ ISS မှာ (15) ဘာသာယူရတယ်.. ကျွန်တော်တို့ batch က ပထမဆုံး full time ပေါ့.. ကျောင်းသားအာ:လုံးပေါင်းမှ (11)ယောက်ပဲရှိတယ် .. ပြန်စဉ်းစားကြည့်တော့ ကျောင်းသားဘဝ ပျော်စရာဆိုတာ အင်မတန်ရှားခဲ့ပါတယ် ...စာနဲ့မျက်နှာမခွါခဲ့ရပါဘူး ..စာတွေကလဲပေါ့ပေါ့ပါးပါး မှမဟုတ်တာကိုး... postgraduate ကျောင်းသားတွေဆိုတော့ mature ဖြစ်နေကျပါပြီ ...(ကျွန်တော်တို့ကလွဲရင်ပေါ့ ) ... married တွေများပါတယ် (စိတ်ပျက်စရာပါ ..)
သင်ရတဲ့ subjects တွေက စိတ်ဝင်စားစရာကောင်းတာကို second semester လောက်ကျမှ သိလာရတယ် ... Fuzzy Logic, Genetic Algorithms, Expert Systems, Scheduling and Resource Allocation, Data mining, Intelligent Agent, etc အစရှိတဲ့ AI techniques တွေကို လေ့လာရပါတယ် ... ကျွန်တော် စိတ်ဝင်စားတဲ့ ဘာသာကတော့ Genetic Alogrithm ပါ ... အဲဒိ ဘာသာစသင်ရတဲ့ ပထမ ဆုံးရက်က ဆရာမပြောတာကိုမှတ်မှတ်ရရ ရှိနေသေးတယ် "တောထဲမှာအပြေးမြန်တဲ့မြင်း/ကျွဲ တွေကိုကျားအစားမခံရဘူး .. အဒိကျန်တဲ့ အပြေးမြန်တဲ့မြင်းတွေကနေမျိုးပွါးလာတဲ့ မြင်းတွေကပိုအပြေးသန်လာကျတယ်...နှေးတဲ့ကောင်တွေကကျားစားခံရတော့ မျိုးတုံးကုန်တယ် ... " အဲဒိ logic လေးကို apply လုပ်ထားတဲ့ subject ပေါ့ ။ solution ရှာရခက်တဲ့ problem တွေကို initial feasible solutions ကနေပွါးယူပြီး optimal solution ကိုရှာတဲ့ နေရာမှာသုံးပါတယ် (အလွယ်ပြောရရင်ပေါ့) .. အရမ်း အသုံးဝင်မဲ့ technique တခုပါပဲ .. Yangon ကွန်ပြူတာ တကသိုဟ်မှာတုန်းက AI ကို သင်ခဲ့ရပင်မဲ့ အခုလောက်ထိ ထဲထဲဝင်ဝင် လက်တွေကျကျ မသင်ခဲ့ရပါဘူး ... စိတဝင်စားစရာကောင်းသလို တော်တော် လေးလဲကြိုးစားခဲ့ရပါတယ် .. ကျောင်းအိပ်ကျောင်းစား ဆိုတာကို NUS-ISS ကျမှ realize ဖြစ်လာပါတယ် ... ရန်ကုန်မှာတက်ခဲ့ရတဲ့ postgraduate နဲ့တော့ တော်တော်လေးကွာခြားပါတယ် ။ Singapore မှာ ကျောင်းသားဘဝရဲ့ facility အပြည့်အဝရပါတယ် ..internet, softwares, books, အစရှိတဲ့ learning resources တွေက latest တွေနဲ့ အဆင်သင့်ပါပဲ ..
စာဆိုမှစာလုပ်နေခဲ့ရတဲ့ KE ကျောင်းသားဘဝမှာ အမှတ်တရ photo တွေရိုက်ဖို့ ဆိုတာ သတိ တောင်မ ရခဲ့ကြပါဘူး .. မှတ်မှတ်ရရ တရက် freind တယောက် ရဲ့ handphone နဲ့ evening class အပြီးမှာ အတန်းထဲက computer monitor ပေါ် phone တင် ပြီး timer နဲ့ ရိုက် ကျတဲ့ photo ပဲအမှတ်တရ ကျန်ခဲ့ပါတယ် ....
ဆက်ပါဦးမည်......

No comments:
Post a Comment