Sunday, October 26, 2008

ရောက်တတ်ရာရာအလုပ်မှာ

အလုပ်ထဲမှာ ကြုံရတာလေးတွေ ကိုမျဝေချင်ပါတယ်...အကြောင်းအရာတွေကတော့ ဟိုယောက်ဒီယောက်ပေါ့...
ကျွန်တော်တို့ Head Office က Eunos မှာဆိုပေမဲ့ ကျွန်တော်က Jurong East က Customer Site မှာအလုပ်ဆင်းရပါတယ် ....
ပြောဆိုဆက်ဆံရတဲ့ Users တွေက IT perosn တွေရော Non-IT person တွေရောစုံလို့ပေါ့ ...ကျွန်တော်တို့မှာ Non-IT person တွေရဲ့ ပေါက်တက်ကရ လုပ်တာတွေအပြင် IT person တွေရဲ့ ဂွကျကျ မေးခွန်းတွေကိုလဲ အောင့်သီးအောင့်က်
ဖြေရှင်းရတယ်…IT personတွေကလဲဘာကိုကြည့်ပြီး အလုပ်ခန့်ထားလဲတော့မပြောတက်ပါဘူး ...လက်ဖျားခါလောက်အောင် ဘာမှမသိကြဘူး….တချို့ ကတော့အမှန်တကယ်ပဲ technically strong ဖြစ်ကျပါတယ် ....လက်ချိုးရေလို့ရတဲ့လူနည်:စုပေါ့ ...လက်တောင်တဖက်ဆိုရပြီ ...ဒါတွေထားလိုက်ပါလေ…
ကျွန်တော် တာဝန်ယူရတဲ့ projects အတွက် project manager နှစ်ယောက်ရှိတယ်...တယောက်က အပြောအဆိုအင်မတန် ညက်တယ်...user တွေသူနဲ့တွေ့ရင်…ဘာမှပြန်စောဒကမတက် နိုင်အောင်ပြောနိုင်တယ် ..

တရက် IT-user တယောက်က complaint တက်တယ် ... ကျွန်တော်တို့batch-application က ပုံမှန်ပို့နေကြ email မရလို့….တကယ်တော့အဲဒိ application ကို user ကပဲ schedule နဲ့ run တာပါ...application run တာ မ run တာကို သေသေချာချာမကြည့်ပဲတချိန်လုံး ကျွန်တော်တို့ကို email မရလို့ဆိုပြီးပြောပါတယ် ...အဲဒါကျွန်တော့ manager ကစိတ်မရှည်တော့ ...သူတို့ကိုခေါ်ပြောတယ် ...“ခင်ဗျားတို့ကို example လေး တခုပြောချင်တယ် .....ခင်ဗျား တို့ကဘာနဲ့ တူလဲဆိုတော့ ....canteenမှာ ဘာမှမမှာပဲ စားပွဲမှာထိုင်ပြီး ....ငါ့ကို မာကန်း (စားစရာ) လဲလာမပေးဘူးလို့ အော်နေတဲ့ သူနဲ့တူနေတယ် ...application မrun တာကိုမကြည့် ပဲ email မရတာကိုလာပဲ လာလာပြောနေကြတယ်…..”user လဲဘာမှပြန်မပြောနိုင်တော့ဘူး..မှတ်ရော...

ပြောရဦးမယ် ကျွန်တော်တို့ company က software developers တွေကလဲသူတို့အစွမ်းအစတွေကိုCoding မှာအတိုင်းသားတွေရတယ်...Array Loop ကို တစ်ကနေ စထားလို့ စထား ...

တခါကလဲ... ရုံးက develop လုပ်တဲ့ software တခုမှာ buttons တွေကို user role အလိုက် visible / invisible လုပ်ထားတယ်...
အဲဒါ user က သူ Withdraw ဆိုတဲ့ button ကိုမမြင်ရလို့ complaint တက်တယ် ...ကျွန်တော်တို့ရုံးက ညဏ်ကြီးရှင် support engineer က ဘယ်လို solve လုပ်လဲဆိုတော့ ...google ကို သွားပြီး "withdraw button cannot see" ဆိုပြီး ရှာတယ်လေ ....
စဉ်းစားသာ ကြည့်ကြပေတော့ ...

တခါတလေ System Design ကိုကမှားနေတာတွေရှိတယ် ....User ကbugs တွေ report တင်တဲ့အခါတော်တော်လေး ဒုတ်ခရောက်တယ်....Debug လုပ်လို့ မရပဲ အစကနေ ပြန်ရေးရမလိုဖြစ်နေတယ်….အဲဒိမှာ ကျွန်တော့ မန်နေဂျာ ကဘာပြောလဲဆိုတော့ ဥပမာလေးနဲ့ ...“အထပ်တွေ အများကြီးနဲ့ အဆောက်အဦးက Base မခိုင်မာရင် အပေါ်ကအထပ်တွေက shake ဖြစ်မှာပဲ...ပထမထပ်တောင် shake ဖြစ်နိုင်တာပဲ....ငါတို့ Applications က shake ဖြစ်တာ အဲဒိလိုပဲအတူတူပေါ့ …” တဲ့
အပြောအဆိုလေးတွေ အတုယူရအောင်လို့ပါ ...

ပြောရရင် အများကြီးပဲ ... အမှတ်ရတာလေးတွေ ပြောပြတာ…office မှာကကုလားတွေများတယ် ..ဒီကောင်တွေ English taking
လေးကောင်းလို့သာလူတွင်ကျယ်ဖြစ်နေတာ...technically က ဒီလောက် strong ဖြစ်ကြတာမဟုတ်ဖူး ...ကျွန်တော်တို့ company မှာပြောတာပါ .....တခြား company တော့ မပြောတတ်ဖူး ..

တရက် canteen မှာရုံးကလူတွေနဲ့ ထမင်းစားရင်း Team Leader ကသူ့ကိုuser က ကြံကြံဖန်ဖန် ပြသနာ ရှာတဲ့ ကြောင်းပြောပြတယ် ...သူ့ software မှာ sms send တဲ့ module ပါတယ် ... တနေ့ user က sms မရတော့လို့ပြောတယ် ...သူလဲ သူ့software ကလားလို့သေသေချာချာစစ်တော့လဲ ...အားလုံးမှန်နေတယ်.. အမှားရှာမရဘူး..
ဒါနဲ့ user ဆီကို သူ့ဖုန်းကို စစ်ကြည့်ဖို့ပြောတော့ ...ဘာပြောလဲဆိုတော့ "သူ့ဖုန်းက ok တယ်... phone no ပြောင်းထားတာပဲရှိတယ်”တဲ့ ..အဲဒါနဲ့ သူလဲစိတ်တိုတိုနဲ့ phone no ပြောင်းမှတော့ ...ဘယ်လိုလုပ် sms ရတော့မလဲလို့ ပြောလိုက်တော့ သူကမလျော့ပဲဘာပြန်ပြောလဲဆိုတော့..system က phone no ပြောင်းတာကို ဘာလို့ detect မလုပ်နိုင်ရတာလဲတဲ့ ...တော်တော်ဆိုးတဲ့လူတွေ...နဲနဲမှအလျော့မပေးဘူး...အင်း... စလုံးကuser တွေတော်တော်များများ ဒီလိုပဲလို့ကျွန်တော်ထင်တယ်...IT ထွန်းကားတဲ့နိုင်ငံမိုလို့လဲ ဖြစ်နိုင်ပါတယ် ...ဒီလောက်ဆိုးတဲ့ user တွေနဲ့software တွေအားလုံးကို နောက်ဆို intelligent ဖြစ်အောင် လုပ်ရမလိုပဲ...ကျွန်တော်တို့ဆီ user တွေက အဲဒိလောက်ကတ်သီးကတ်သက် မနိုင်ပါဘူး...တချို့ user တွေဆို "system သုံးရင်ဒီ keyမသုံးနဲ့..ဒီလိုပဲလုပ်.. ဟိုလိုမလုပ်နဲ့" လို့ခပ်တည်တည်နဲ့ ဟောက်လိုက်ရင် ထိကိုမထိဘူး .. ဟဲဟဲ ....သူတို့ကိုချည်းလဲအပြစ်တင်လို့မဖြစ်သေးဘူး ....နည်းပညာတွေကလဲ ထွန်းကားလာတော့ အရာရာ automatic system တွေနဲ့အစားထိုးလာကျတော့ သူတို့တောင်းဆိုတာလဲ မမှားပေဘူး...

No comments: