Tuesday, October 28, 2008

The Eighth Wonder of the World

ကဘာ့ အံ့ဖွယ် တွေထဲက ရှစ်ခုမြောက် Dubai က Palm Island ပါ...100 % သဲနဲ့ဆောက်ထားတာပါ...ဘာ piling method မှ သုံးမထားဘူး...“Palm Jumeirah” နဲ့ “Palm Jebel Ali” လို့ခေါ်တဲ့ ကျွန်းနှစ်ခုကို Palm tree ပုံသဌာန် ဆောက် ထားတာပါ... ကျွန်းပေါ်မှာ 60 luxury hotels, 4,000 residential villas , 1,000 unique water homes, 5,000 shoreline apartments , marinas, water theme parks, restaurants, shopping malls, sports facilities, health spas, cinemas နဲ့ dive sites တွေပါ ပါမှာဖြစ်ပါတယ်..
Imagine, any chance this island will collapse?


Sunday, October 26, 2008

Funny statements..

ချစ်သူငယ်ချင်းတယောက် က share လုပ်ထားတာလေးပါ...
ဖတ်ရတာ တမျိုး ပျော်ဖို့ ကောင်းလို့ပါ ....

A skunk sat on a stump and thunk the stump stunk,
but the stump thunk the skunk stunk.

Peter Piper picked a peck of pickled peppers.
Did Peter Piper pick a peck of pickled peppers?
If Peter Piper picked a peck of pickled peppers,
where's the peck of pickled peppers Peter Piper picked?

Red lorry, yellow lorry, red lorry, yellow lorry.

Betty Botter had some butter,
"But," she said, "this butter's bitter.
If I bake this bitter butter,
it would make my batter bitter.
But a bit of better butter--
that would make my batter better."

So she bought a bit of butter,
better than her bitter butter,
and she baked it in her batter,
and the batter was not bitter.
So 'twas better Betty Botter
bought a bit of better butter.

A big black bug bit a big black bear,
made the big black bear bleed blood.

She sells sea shells by the sea shore.
The shells she sells are surely seashells.
So if she sells shells on the seashore,
I'm sure she sells seashore shells.

ရောက်တတ်ရာရာအလုပ်မှာ

အလုပ်ထဲမှာ ကြုံရတာလေးတွေ ကိုမျဝေချင်ပါတယ်...အကြောင်းအရာတွေကတော့ ဟိုယောက်ဒီယောက်ပေါ့...
ကျွန်တော်တို့ Head Office က Eunos မှာဆိုပေမဲ့ ကျွန်တော်က Jurong East က Customer Site မှာအလုပ်ဆင်းရပါတယ် ....
ပြောဆိုဆက်ဆံရတဲ့ Users တွေက IT perosn တွေရော Non-IT person တွေရောစုံလို့ပေါ့ ...ကျွန်တော်တို့မှာ Non-IT person တွေရဲ့ ပေါက်တက်ကရ လုပ်တာတွေအပြင် IT person တွေရဲ့ ဂွကျကျ မေးခွန်းတွေကိုလဲ အောင့်သီးအောင့်က်
ဖြေရှင်းရတယ်…IT personတွေကလဲဘာကိုကြည့်ပြီး အလုပ်ခန့်ထားလဲတော့မပြောတက်ပါဘူး ...လက်ဖျားခါလောက်အောင် ဘာမှမသိကြဘူး….တချို့ ကတော့အမှန်တကယ်ပဲ technically strong ဖြစ်ကျပါတယ် ....လက်ချိုးရေလို့ရတဲ့လူနည်:စုပေါ့ ...လက်တောင်တဖက်ဆိုရပြီ ...ဒါတွေထားလိုက်ပါလေ…
ကျွန်တော် တာဝန်ယူရတဲ့ projects အတွက် project manager နှစ်ယောက်ရှိတယ်...တယောက်က အပြောအဆိုအင်မတန် ညက်တယ်...user တွေသူနဲ့တွေ့ရင်…ဘာမှပြန်စောဒကမတက် နိုင်အောင်ပြောနိုင်တယ် ..

တရက် IT-user တယောက်က complaint တက်တယ် ... ကျွန်တော်တို့batch-application က ပုံမှန်ပို့နေကြ email မရလို့….တကယ်တော့အဲဒိ application ကို user ကပဲ schedule နဲ့ run တာပါ...application run တာ မ run တာကို သေသေချာချာမကြည့်ပဲတချိန်လုံး ကျွန်တော်တို့ကို email မရလို့ဆိုပြီးပြောပါတယ် ...အဲဒါကျွန်တော့ manager ကစိတ်မရှည်တော့ ...သူတို့ကိုခေါ်ပြောတယ် ...“ခင်ဗျားတို့ကို example လေး တခုပြောချင်တယ် .....ခင်ဗျား တို့ကဘာနဲ့ တူလဲဆိုတော့ ....canteenမှာ ဘာမှမမှာပဲ စားပွဲမှာထိုင်ပြီး ....ငါ့ကို မာကန်း (စားစရာ) လဲလာမပေးဘူးလို့ အော်နေတဲ့ သူနဲ့တူနေတယ် ...application မrun တာကိုမကြည့် ပဲ email မရတာကိုလာပဲ လာလာပြောနေကြတယ်…..”user လဲဘာမှပြန်မပြောနိုင်တော့ဘူး..မှတ်ရော...

ပြောရဦးမယ် ကျွန်တော်တို့ company က software developers တွေကလဲသူတို့အစွမ်းအစတွေကိုCoding မှာအတိုင်းသားတွေရတယ်...Array Loop ကို တစ်ကနေ စထားလို့ စထား ...

တခါကလဲ... ရုံးက develop လုပ်တဲ့ software တခုမှာ buttons တွေကို user role အလိုက် visible / invisible လုပ်ထားတယ်...
အဲဒါ user က သူ Withdraw ဆိုတဲ့ button ကိုမမြင်ရလို့ complaint တက်တယ် ...ကျွန်တော်တို့ရုံးက ညဏ်ကြီးရှင် support engineer က ဘယ်လို solve လုပ်လဲဆိုတော့ ...google ကို သွားပြီး "withdraw button cannot see" ဆိုပြီး ရှာတယ်လေ ....
စဉ်းစားသာ ကြည့်ကြပေတော့ ...

တခါတလေ System Design ကိုကမှားနေတာတွေရှိတယ် ....User ကbugs တွေ report တင်တဲ့အခါတော်တော်လေး ဒုတ်ခရောက်တယ်....Debug လုပ်လို့ မရပဲ အစကနေ ပြန်ရေးရမလိုဖြစ်နေတယ်….အဲဒိမှာ ကျွန်တော့ မန်နေဂျာ ကဘာပြောလဲဆိုတော့ ဥပမာလေးနဲ့ ...“အထပ်တွေ အများကြီးနဲ့ အဆောက်အဦးက Base မခိုင်မာရင် အပေါ်ကအထပ်တွေက shake ဖြစ်မှာပဲ...ပထမထပ်တောင် shake ဖြစ်နိုင်တာပဲ....ငါတို့ Applications က shake ဖြစ်တာ အဲဒိလိုပဲအတူတူပေါ့ …” တဲ့
အပြောအဆိုလေးတွေ အတုယူရအောင်လို့ပါ ...

ပြောရရင် အများကြီးပဲ ... အမှတ်ရတာလေးတွေ ပြောပြတာ…office မှာကကုလားတွေများတယ် ..ဒီကောင်တွေ English taking
လေးကောင်းလို့သာလူတွင်ကျယ်ဖြစ်နေတာ...technically က ဒီလောက် strong ဖြစ်ကြတာမဟုတ်ဖူး ...ကျွန်တော်တို့ company မှာပြောတာပါ .....တခြား company တော့ မပြောတတ်ဖူး ..

တရက် canteen မှာရုံးကလူတွေနဲ့ ထမင်းစားရင်း Team Leader ကသူ့ကိုuser က ကြံကြံဖန်ဖန် ပြသနာ ရှာတဲ့ ကြောင်းပြောပြတယ် ...သူ့ software မှာ sms send တဲ့ module ပါတယ် ... တနေ့ user က sms မရတော့လို့ပြောတယ် ...သူလဲ သူ့software ကလားလို့သေသေချာချာစစ်တော့လဲ ...အားလုံးမှန်နေတယ်.. အမှားရှာမရဘူး..
ဒါနဲ့ user ဆီကို သူ့ဖုန်းကို စစ်ကြည့်ဖို့ပြောတော့ ...ဘာပြောလဲဆိုတော့ "သူ့ဖုန်းက ok တယ်... phone no ပြောင်းထားတာပဲရှိတယ်”တဲ့ ..အဲဒါနဲ့ သူလဲစိတ်တိုတိုနဲ့ phone no ပြောင်းမှတော့ ...ဘယ်လိုလုပ် sms ရတော့မလဲလို့ ပြောလိုက်တော့ သူကမလျော့ပဲဘာပြန်ပြောလဲဆိုတော့..system က phone no ပြောင်းတာကို ဘာလို့ detect မလုပ်နိုင်ရတာလဲတဲ့ ...တော်တော်ဆိုးတဲ့လူတွေ...နဲနဲမှအလျော့မပေးဘူး...အင်း... စလုံးကuser တွေတော်တော်များများ ဒီလိုပဲလို့ကျွန်တော်ထင်တယ်...IT ထွန်းကားတဲ့နိုင်ငံမိုလို့လဲ ဖြစ်နိုင်ပါတယ် ...ဒီလောက်ဆိုးတဲ့ user တွေနဲ့software တွေအားလုံးကို နောက်ဆို intelligent ဖြစ်အောင် လုပ်ရမလိုပဲ...ကျွန်တော်တို့ဆီ user တွေက အဲဒိလောက်ကတ်သီးကတ်သက် မနိုင်ပါဘူး...တချို့ user တွေဆို "system သုံးရင်ဒီ keyမသုံးနဲ့..ဒီလိုပဲလုပ်.. ဟိုလိုမလုပ်နဲ့" လို့ခပ်တည်တည်နဲ့ ဟောက်လိုက်ရင် ထိကိုမထိဘူး .. ဟဲဟဲ ....သူတို့ကိုချည်းလဲအပြစ်တင်လို့မဖြစ်သေးဘူး ....နည်းပညာတွေကလဲ ထွန်းကားလာတော့ အရာရာ automatic system တွေနဲ့အစားထိုးလာကျတော့ သူတို့တောင်းဆိုတာလဲ မမှားပေဘူး...

Sunday, October 19, 2008

Buffalo Theory

NUS မှာသင်ရတဲ့ Genetic Algorithm ရဲ့ theory နဲ့ သဘောတရားချင်းတူတာလေး ဆောင်းပါးတခုမှာ ဟာသအနေနဲ့ ဖတ်လိုက်ရလို့ (ကြာတော့ ကြာပါပီ).. Buffalo Theory တဲ့....ကျွန်တော် သဘောကျလို့ share လုပ်လိုက်ပါတယ်.. Beer ကြိုက်တတ်တဲ့ freindတွေ အတွက်တော့ ကွက်တိပေါ့ .....


Friday, October 17, 2008

Once upon a time at Nguwar hostel

ကျွန်တော်တို့ ရန်ကုန်မှာ ကွန်ပြူတာတက္ကသိုလ်တက်တုန်းက နယ်ကလာတဲ့ ကျောင်းသူတွေက ငုဝါဆောင်မှာ နေရတယ်... ရန်ကုန်တက္ကသိုလ် RC2 ရဲ့ နောက်ဘက်မှာ အစိုးရဆောင်ပေါ့ ... နှင်းဆီဆောင်တို့ ရတနာဆောင်တို့နားမှာ ...အဆောင်က သေးသေးလေး..ကျွန်တော်တို့အဆောင်နဲ့ သိပ်မနီးမဝေး မှာက စက်မှုတက္ကသိုလ် ယောက်ကျားလေးဆောင်...
ညညဆို ကျွန်တော်တို့အဆောင်တွေနားမှာ သီချင်းလာလာဆိုကြတယ် ... အဲဒိမှာ ကျွန်တော်တို့ အဆောင်ကိုလာရင်ဆိုလေ့ ရှိတဲ့သီချင်းတပုဒ် ရှိတယ် ... တော်တော်လေး ရယ်ဖို့ကောင်းတယ် ....
သူတို့ဆိုကြတဲ့သီချင်းက…..

"ငုဝါသူတွေဗိုက်ခေါက်ထူ
ဘာဘူကြီး နဲ့ယူ
၆လကြာတော့ဆေးရုံတက်
ကလေး ၁၀ ယောက်ထွတ်
ထွတ်လာလိုက်တဲ့ ကလေးဟာ
ကုလားဆင်လေးပါ
သေချာကြည့်တော့ အောင်မလေး
ငါနဲ့တူသလေး " တဲ့
တော်တော်ဆိုးတဲ့ ကျောင်းသားတွေ
ပါဆို..

အဆောင်မှာ အားလုံးက ညီအမ တွေလိုပါပဲ ... သူ့ရှိတာကိုယ်စား ကိုယ့် ရှိတာသူစားပေါ့.. ကျွန်တော်တို့စားလေ့စားထရှိတာက အလွယ်ကူဆုံးနဲ့အမြန်ဆုံးစားလို့ရတဲ့ ခေါက်ဆွဲခြောက်ပေါ့.... အဆောင်မှာက ချက်ပြုတ်စားလို့လဲမရဘူးလေ…ခေါက်ဆွဲခြောက် လောက်တော့ပြုတ်စားလို့အဆင်ပြေတယ် ....အဆောင်မှာ တနေဘယ်သူမှ ထီးကိုးလက်ကို ဈေးသွားမဝယ်ဖြစ်ကျဘူး ...(ထီးကိုးလက် ဆိုတာက အခု MICT နေရာပေါ့ အရင်က တက္ကသိုလ် ကျောင်းသူကျောင်းသားတွေအတွက် ရင်ခုန် ကြည်နူးစရာ canteen လေးပေါ့....လူသုံးကုန် ပစ္စည်း လဲဝယ်လို့ရတယ်..) ပြောပြချင်တာက ကျွန်တော့ သူငယ်ချင်းတွေဘယ်လောက် naughty ဖြစ်လဲ ဆိုတာကိုပါ…အဲဒိနေ့က ကျွန်တော်တို့ အဆောင်နေသူငယ်ချင်း စုစုပေါင်း(၈) ယောက်မှာမှ ခေါက်ဆွဲခြောက် (2) ထုပ်ပဲရှိတယ် ...အဲဒိတော့ ဒီ၂ ထုတ်ကို အတူတူဝိုင်းစားကြမယ်ဆိုပြီး ပန်:ကန်ထဲထည့် ...ဇွန်း ၂ချောင်း ၃ချောင်းတပ် ...ဇွန်းအရေအတွက်နဲ့လူနဲ့မမျှတော့ ...ဇွန်းကိုလုနေရတယ် ... အဲဒိအချိန်မှာသူငယ်ချင်းတယောက် (ဘားအံက ကရင်မပေါ့ ) ဇွန်းက သူ့စီမရောက်စောင့်ရတာ စိတ်မရှည်တော့ ဘာလုပ်လိုက်တယ်မှတ်လဲ…ဘယ်သူမှထင်မထားဘူး..သူမစားရကောင်းလားဆိုပြီး..ဖျတ်ကနဲ ခေါက်ဆွဲပန်းကန်ထဲ တံတွေးထွေး ထည့်လိုက်တာ ...ဘယ်သူမှစားလို့ မရတော့ဘူး...အဲဒီလောက်ထိအောင်ဆိုးတာ...
အားလုံးကသူ့ကို ဝိုင်းဆဲကြတာပေါ့ ....

ပြောမဲ့သာပြောရတာ အဲဒိကရင်မ က သီချင်းဆို အရမ်းကောင်းတာ ....ကျွန်တော်တို့ ပထမနှစ်က ကွန်ပြူတာ နှစ်ပတ်လည် dinner ကျင်းပတာနဲ့ ကြုံတော့ သူက dinner မှာသီချင်းတက်ဆိုမယ် လုပ်ရော..ဒါနဲ့ သီချင်း သွားသွားတိုက်တယ် ...
dinner မတိုင်ခင်နေ့က ကျွန်တော်တို့ကိုပြောလာတယ် ... သူသီချင်းဆိုနေတုန်း နှင်းဆီပန်းတက်ပေးဖို့ ... ကျွန်တော်တို့ကလဲ သက်သက်ညစ်ပြီး နှင်းဆီပန်းကဈေးကြီးတယ်..တက်မပေးနိုင်ဘူးပေါ့...
ဒါနဲ့ သူကနှင်းဆီပန်းဖိုး သူပေးပါ့မယ်တဲ့...ဒီလိုနဲ့ နှင်းဆီပန်းတက်ပေးမဲ့ ကိတ်စညှိလို့ အဆင်ပြေသွားကြတယ်..ကျွန်တော်တို့တွေကအဲဒီလိုမျိုး ...

Wednesday, October 8, 2008

NUS Student Life Part II

First semester တုန်းက ရယ်စရာလဲကောင်း အူကြောင်ကြောင် လဲနိုင်တဲ့ ကျွန်တော့ အဖြစ်အပြက်ကို ပြောပြရဦးမယ် ... (နဲနဲတော့ ရှက်သလိုပဲ အဟိ...)

တနေ NUS ရဲ့ Business canteen မှာ lunch သွားစားကြတော့ Queue ထဲ မှာ wait နေတုန်း ကျွန်တော်က White Board မှာရေးထားတဲ့ ဟင်းတွေ ပုံနဲ့တကွ ကြော်ငြာထားတာကို သေသေချာချာကြည့်နေမိတယ် ..

အဲဒိနေ့က လူက စာတွေ ကြည့်ရတာများလို့ ခေါင်းကလဲသိပ်မကြည်ဘူးဖြစ်နေတယ်..

အဲဒိမှာဆန်ပြုပ်ကိုကြည့်ပြီး ဘာကိုစဉ်းစားနေလဲဆိုတော့ အော်.. အဲဒိအစားအစာက ဘာလဲသိဘူး ..ထမင်းကိုရေတွေနဲ့ ဖျော်ထားတာပါ့လား .. ဆိုပြီး တွေးနေမိတယ် ... ပြီးတော့ ဘေးနားက သူငယ်ချင်းကို ပြောလိုက်သေးတယ်.. အဲဒိမှာ friend က ဘာပြန်ပြောလဲဆိုတော့ အမကအရမ်း တိုးတက်လာပြီ ...ဆန်ပြုတ်ကို အများသူငါမြင်သလို မမြင်ပဲ သီးခြားကြည့်တတ်လာတယ်တဲ့ ..

အဲဒိလိုပြောလိုက်မှ အော်..ဆန်ပြုတ် ပဲလို့သတိရသွားတာ... ဘယ်လောက်အူကြောင်ကြောင် နိုင်လဲဆိုတာ ... အဲဒါ ခုထိ ကျွန်တော့ကို friends တွေက သတိရရင် ဆန်ပြုတ်လို့ အနောက်ခံရတုန်း ....

Sunday, October 5, 2008

NUS Student Life Part I

ကျွန်တော့ရဲ့ သူငယ်ချင်: ညီမလေး သင်းမြတ် က NUS ကျောင်းအတွေ့အကြုံ ကိုရေးပါဆိုလို share လုပ်လိုက်ပါတယ်။

စင်ကာပူကိုလာတုံးကသူများတွေလို admission offer ရပီးမှလာရတာမဟုတ်ပဲ entrance test အရင်လာဖြေ ရတာဆိုတော့ risk ယူပီးလာရပါတယ် .. entrance test ကျရင်(confident အပြည့် နဲ့ .. :-p) အလုပ်လေးရှာကြည့်မယ်ဆိုတဲ့ စိတ်ကူးနဲ့စွန်စားပြီးလာခဲ့တာပါ။ ISS ကလဲ သူ့ကျောင်းရဲ့ role ကို မြှင့်သလားမမေးနဲ့ entrance test pass ဖြစ်တာတောင်မှ personal interview ဝင်ပြီး pass ဖြစ်မှ admission offer ပေးပါတယ်။ ကံလေးက ကောင်းတော့ အောင်သွားတယ်။

ဒီလိုနဲ့ပဲ Knowledge Engineering လို့ခေါ်တဲ့ အူကြောင်ကြောင် ဘာသာရပ်တွေကို လေ့လာခဲ့ရတယ် ( ဆရာတွေကြားရင် ရင်ကျိုးမယ်) ... တခြားကျောင်းတွေ postgraduate coursework ကို (11)ဘာသာယူရတဲ့ အချိန်မှာ ISS မှာ (15) ဘာသာယူရတယ်.. ကျွန်တော်တို့ batch က ပထမဆုံး full time ပေါ့.. ကျောင်းသားအာ:လုံးပေါင်းမှ (11)ယောက်ပဲရှိတယ် .. ပြန်စဉ်းစားကြည့်တော့ ကျောင်းသားဘဝ ပျော်စရာဆိုတာ အင်မတန်ရှားခဲ့ပါတယ် ...စာနဲ့မျက်နှာမခွါခဲ့ရပါဘူး ..စာတွေကလဲပေါ့ပေါ့ပါးပါး မှမဟုတ်တာကိုး... postgraduate ကျောင်းသားတွေဆိုတော့ mature ဖြစ်နေကျပါပြီ ...(ကျွန်တော်တို့ကလွဲရင်ပေါ့ ) ... married တွေများပါတယ် (စိတ်ပျက်စရာပါ ..)

သင်ရတဲ့ subjects တွေက စိတ်ဝင်စားစရာကောင်းတာကို second semester လောက်ကျမှ သိလာရတယ် ... Fuzzy Logic, Genetic Algorithms, Expert Systems, Scheduling and Resource Allocation, Data mining, Intelligent Agent, etc အစရှိတဲ့ AI techniques တွေကို လေ့လာရပါတယ် ... ကျွန်တော် စိတ်ဝင်စားတဲ့ ဘာသာကတော့ Genetic Alogrithm ပါ ... အဲဒိ ဘာသာစသင်ရတဲ့ ပထမ ဆုံးရက်က ဆရာမပြောတာကိုမှတ်မှတ်ရရ ရှိနေသေးတယ် "တောထဲမှာအပြေးမြန်တဲ့မြင်း/ကျွဲ တွေကိုကျားအစားမခံရဘူး .. အဒိကျန်တဲ့ အပြေးမြန်တဲ့မြင်းတွေကနေမျိုးပွါးလာတဲ့ မြင်းတွေကပိုအပြေးသန်လာကျတယ်...နှေးတဲ့ကောင်တွေကကျားစားခံရတော့ မျိုးတုံးကုန်တယ် ... " အဲဒိ logic လေးကို apply လုပ်ထားတဲ့ subject ပေါ့ ။ solution ရှာရခက်တဲ့ problem တွေကို initial feasible solutions ကနေပွါးယူပြီး optimal solution ကိုရှာတဲ့ နေရာမှာသုံးပါတယ် (အလွယ်ပြောရရင်ပေါ့) .. အရမ်း အသုံးဝင်မဲ့ technique တခုပါပဲ .. Yangon ကွန်ပြူတာ တကသိုဟ်မှာတုန်းက AI ကို သင်ခဲ့ရပင်မဲ့ အခုလောက်ထိ ထဲထဲဝင်ဝင် လက်တွေကျကျ မသင်ခဲ့ရပါဘူး ... စိတဝင်စားစရာကောင်းသလို တော်တော် လေးလဲကြိုးစားခဲ့ရပါတယ် .. ကျောင်းအိပ်ကျောင်းစား ဆိုတာကို NUS-ISS ကျမှ realize ဖြစ်လာပါတယ် ... ရန်ကုန်မှာတက်ခဲ့ရတဲ့ postgraduate နဲ့တော့ တော်တော်လေးကွာခြားပါတယ် ။ Singapore မှာ ကျောင်းသားဘဝရဲ့ facility အပြည့်အဝရပါတယ် ..internet, softwares, books, အစရှိတဲ့ learning resources တွေက latest တွေနဲ့ အဆင်သင့်ပါပဲ ..

စာဆိုမှစာလုပ်နေခဲ့ရတဲ့ KE ကျောင်းသားဘဝမှာ အမှတ်တရ photo တွေရိုက်ဖို့ ဆိုတာ သတိ တောင်မ ရခဲ့ကြပါဘူး .. မှတ်မှတ်ရရ တရက် freind တယောက် ရဲ့ handphone နဲ့ evening class အပြီးမှာ အတန်းထဲက computer monitor ပေါ် phone တင် ပြီး timer နဲ့ ရိုက် ကျတဲ့ photo ပဲအမှတ်တရ ကျန်ခဲ့ပါတယ် ....

ဆက်ပါဦးမည်......

Intro..

တကယ်တမ်:ဘလော့ရေးမယ်ဆိုတော့ မြန်မာစာကလဲကောင်းကောင်:မရိုက်တတ် English လိုရေးပြန်ရင်လဲ ဇတ်ရည်လည်အောင်ရေးနိုင်မယ်မထင် ။ ဪ ..... program ရေးရတာက မှ ပို လွယ်မယ်ထင်တယ် ....အခုတလော စိတ်လေနေတာ နဲ့ blog ရေးပြီးအချိန်ဖြုန်းရင်ကောင်းမလားလို့ .... blog ရေးတဲ့သူတွေကိုလေးစားပါတယ် ... တော်တော်စိတ်ရှည်ရပါ့လား ....

ဆင်ဖြူကျွန်းအောင်သိန်း တို့ နန်ဒါစိုး (ဆင်ဖြူကျွန်း) တို့လိုပဲ ကျွန်တော် လဲ အစွမ်းပြ ရတာပေါ့လေ ...

Welcome Page

Hi everybody! Welcome to my blog and enjoy reading.
But, I am thinking what to write...
he he..so enjoy reading "welcome".